ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း သည် အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Ms. Sarah Grebowski အား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) ကော်မတီအစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံရာတွင် ဥပဒေပြုပုံအဆင့်ဆင့်နှင့် ကော်မတီ၏လုပ်ငန်းတာဝန်များအား ကော်မတီမှ ရှင်းလင်း တင်ပြပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်
Standard (Image)
