ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွဋ် သည် Telenor Myanmar မှ Mr. Hans Martin Hoeg Henrichsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ကမ္ဘာ့ဘဏ်မှ မူဝါဒစည်းမျဉ်းစည်းကမ်းရေးရာ အကြီးတန်းအထူးကျွမ်းကျင်သူ Mr. Rajendra Singh တို့အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ဆက်သွယ်ရေး ကော်မရှင်နှင့် ပတ်သက်သည့် မူဝါဒ၊ ဥပဒေပြုမှုများ နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်
Standard (Image)
