ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် Forum of Federations မှတာဝန်ရှိပုဂ္ဂိုလ်များအား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် Federalism & Gender Equality နှင့်ဆိုင်သော Workshop များ၊ ကော်မတီဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ Workshop (သို့မဟုတ်) Forum များ ပြုလုပ်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင် ဒေါ်အေဇင်လတ် တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်
