ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Total E&P MYANMAR အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် Total E&P MYANMAR မှ ကံပေါက်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လျှပ်စစ်နှင့်စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းလုပ်ငန်းစဉ်များ၊ လက်ရှိစီမံကိန်း အခြေ အနေများနှင့် စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာ အချက်အလက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
Standard (Image)
