ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစော ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ၊ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ WFD အကူအညီဖြင့် ကော်မတီတွင် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ပေးရေး၊ နည်းပညာအထောက်အပံ့ အကူအညီပေးနိုင်မည့် အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

 

Standard (Image)