ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် UK Department for International Development (DFID) အဖွဲ့မှ Dr. Rurik Marsden အား ယနေ့ညနေ ၃:၄၅ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်မှု ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ သုတေသနနှင့် ကော်မတီများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ များတွင်လည်း ကူညီဆောင်ရွက်ပေးနေမှုများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် နှင့်အတူ အဖွဲ့ဝင်ဒေါက်တာဒေါ်သန်းငွေ၊ ဦးနိုင်ထူးအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်
