ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် ILO Liaison Office မှ Consultant ဒေါ်စုစုငယ် အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတကာသို့ သွားရောက်၍အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအား အပြည့်အဝ အကာအကွယ်ပေးနိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာစီမံချက်နှင့် စပ်လျဉ်းသည့် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်
Standard (Image)
