ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် သည် ICCO Cooperation အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုမှသည် ပို့ကုန်မြှင့်တင်နိုင်မည့် သုတေသနရလဒ် များအား ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားရေးနှင့် ကုန်သွယ်မှု တိုးတက်ရေးဆိုင်ရာ မူဝါဒရေးရာအကြံပြုချက်များ၊ တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများအား ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးသိန်းထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်
