ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The World Bank အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရ၏ National Electrification Plan (NEP) စီမံကိန်းတွင် World Bank ၏အခန်းကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်များအပေါ် ကမ္ဘာ့ဘဏ်၏ ဆက်လက်ကူညီဆောင်ရွက် မည့် အစီအမံများ၊ စီမံကိန်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
