ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော Civil Authorize Negotiate Organization (C.A.N-Org) ကံမြန်မာမှ ဥက္ကဋ္ဌ စောဇင်မောင်စိုး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် Civil Authorize Negotiate Organization (C.A.N-Org) ကံမြန်မာမှ ဥက္ကဋ္ဌ စောဇင်မောင်စိုး ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လိင်စိတ်ဝိသေသလက္ခဏာ ကွဲပြားသူများဆိုင်ရာ အခွင့်အရေးများ၊ လိင်စိတ်ခံယူကွဲပြားမှုအပေါ် ကြုံတွေ့နေရသော ပြဿနာများ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် LGBT အခွင့်အရေး ဆောင်ရွက်ချက်များအပေါ် ကူညီနိုင်မည့်အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

Standard (Image)