ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် National Democratic Institute (NDI)၏ ဥက္ကဋ္ဌ Mr. Derek Mitchell အား ယနေ့ မွန်းလွဲ ၁ နာရီခွဲချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲမှုတွင် လွှတ်တော် လုပ်ငန်းစဉ်များ ပိုမိုခိုင်မာ အားကောင်းလာစေရေး၊ လွှတ်တော်ကော်မတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်မှု၊ အရည်အချင်း၊ အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ အပြင် နည်းပညာ ပိုင်းနှင့် ပညာရပ်ဆိုင်ရာအတွေ့အကြုံမျှဝေမှုများတွင် ပူးပေါင်းဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
