ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောသည် ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေး ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အမျိုးသား လူ့အခွင့်အရေး ပိုမိုခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးပြီး ကော်မတီ အဖွဲ့ဝင်များမှ ပြန်လည် ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
Standard (Image)
