ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် UNDP /IPU Team မှှ Senior Technical Advisor Mr. John Patterson နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် UNDP /IPU Team အနေဖြင့် မြန်မာလွှတ်တော်၏ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာ အခန်းကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးနေမှုများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဒေါ်သန်းငွေ၊ ဦးနိုင်ထူးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
