ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့်အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဥပဒေပြုရေး လုပ်ငန်းစဉ်၌ ဆောင်ရွက်နေသည့် လွှတ်တော်၏ အခန်းကဏ္ဍများဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
Standard (Image)
