ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Johan Cels အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း သည် Myanmar Petroleum Operators’ Club အဖွဲ့အား ယနေ့နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရေနံစူးစမ်းရှာဖွေရေး၊ တူးဖော်စမ်းသပ်ရေး၊ အကောင်အထည်ဖော်ရေး၊ ထုတ်လုပ်ရေးဥပဒေ ဒုတိယမူကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

Standard (Image)