ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဟောင်ကောင်တက္ကသိုလ်၏ အာရှ နှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်လုပ်ငန်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံ၊ အရည်အသွေး ပိုမိုပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

 

Standard (Image)