ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် Facebook Myanmar Team မှ Mr. Khoe Reh ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Facebook Myanmar Team အဖွဲ့အနေဖြင့် လွှတ်တော်နှင့် လွှတ်တော် ကိုယ်စား လှယ်များ လူမှုကွန်ယက် နည်းပညာ အသုံးပြုဆောင်ရွက်ရာတွင် သတင်းအချက်အလက် လုံခြုံရေး ဆိုင်ရာ နည်းပညာကဏ္ဍ မြှင့်တင်သွားနိုင်ရေးနှင့် လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များ ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုရရှိနိုင်ရေး၊ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစု လွင်နှင့်အတူ အဖွဲ့ဝင် ဦးနိုင်ထူးအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်
