ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Moon Hee-sang ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာ လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ အောက်တို ဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် ၀၇၃၅ နာရီ ချိန်တွင် ရောက်ရှိသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မစ္စတာ ကင်ဂျယ်ဝမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာသံရုံးတာဝန်ရှိသူများက အင်ချွန်း လေဆိပ်တွင် ကြိုဆိုကြသည်။
ယင်းနောက် နေ့လယ် ၁၂၀၀ နာရီချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်၊ အမြဲတမ်းကော်မတီ၊ Foreign Affairs and Unification Committee ဥက္ကဋ္ဌ Hon. YOON SANGHYUN က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၎င်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာ လွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ (၁၄၃၀)နာရီချိန်တွင် ဆူဝမ်မြို့ရှိ Hwaseong Haeng- Gung နန်းတော် သို့လည်းကောင်း၊ မွန်းလွဲ (၁၆၀၀) နာရီအချိန်တွင် Samsung Innovation Museum သို့လည်းကောင်း သွားရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံရှင်းလင်းပြသခဲ့သည်။
အဆိုပါ လေ့လာရေးအစီအစဉ်များတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါလေ့လာခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
