ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းသည် လူဇင်ဘတ်နိုင်ငံ အခြေစိုက် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (EIB) မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ဌာနမှူး Mrs. Angela Marcarino အား ယနေ့ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် EIB နှင့် မြန်မာနိုင်ငံတို့ အကြား လက်မှတ်ရေးထိုးခဲ့သည့် မူဘောင်သဘောတူညီချက်ပါ ကိစ္စရပ်များ၊ ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား သိရှိနိုင်ပါရန် လာရောက်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးခင်မောင်သန်း တက်ရောက်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
Standard (Image)
