ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Edmond Efendija (Senior Legislative Strengthening Adviser) ဦးဆောင်သော National Democratic Institute (NDI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စိစစ်သုံးသပ်ခြင်း ဆွေးနွေးမှုစာတမ်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ဥပဒေပြုရေး စောင့်ကြည့်ခြင်းနှင့် ကိုယ်စားပြုခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ကူညီပံ့ပိုးသွားနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ လွှတ်တော်မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၀ တွင်လည်း NDI အနေဖြင့် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ဦးတင်အောင်ချို နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်
