ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) H.E. Mr. Suchart Tonjaroen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၇ နာရီခွဲတွင် ထိုင်းလေကြောင်းလိုင်း PG-722 ဖြင့် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာသည်။
ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ် တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးတာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀
Standard (Image)
