ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Trible Circle Industry Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်မော်မော်သိန်း ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Trible Circle Industry Co.,Ltd မှ ထုတ်လုပ်သော Gold Mount Wire & Cable နှင့် အဆင့်မြင့် wire & cable ကြိုးအမျိုးအစားများ ထုတ်လုပ်နေမှုများ၊ အသုံးပြုဆောင်ရွက် နေသောနည်းပညာများ၊ စက်ပစ္စည်းများအား ရှင်းလင်းတင်ပြပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
