ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ လူမှုကူညီရေးအသင်းအား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် ( I-13 ) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များက ဓာတ်ခွဲခန်းကျွမ်းကျင်များ ရာထူးတိုး ရပ်ဆိုင်းနေမှုနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီး ကော်မတီ ဥက္ကဋ္ဌမှ ပြန်လည်အကြံပြု ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်း တက်ရောက်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
Standard (Image)
