ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikoloz Apkhazava အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေး၊ မြန်မာ-ဂျော်ဂျီယာ နှစ်နိုင်ငံ လွှတ်တော် ချစ်ကြည်ရေးအသင်း တည်ထောင်နိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်
Standard (Image)
