ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် Access to Health Fund Manager of United Nations Office for Project Services (UNOPS) အဖွဲ့မှ Fund Director Mr.Oren Ginzburg ဦးဆောင်သော အဖွဲ့အားယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် (UNOPS) အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း တန်းတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ကူညီဆောင်ရွက်နေသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ တိုးမြှင့် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ အမျိုးသားအဆင့် ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်
