ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Takizawa Saburo ဦးဆောင်သည့် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Takizawa Saburo ဦးဆောင်သည့် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် တိုးတက်ပြောင်းလဲလာသော မြန်မာနိုင်ငံပညာရေးစနစ်နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ကျောင်းသူ၊ကျောင်းသားများက မြန်မာနိုင်ငံ၏ တိုင်းရင်းသားစာပေသင်ကြားမှုများ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ လက်မှုပညာ သင်ကြားပို့ချပေးမှုများနှင့် ပညာရေးကဏ္ဍ တိုးတက်မှု အခြေ အနေများကိုမေးမြန်းမှုအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်

 

Standard (Image)