ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် Speyside Group (Myanmar) ၏ ဒါရိုက်တာဒေါ်မွန်ဇာမျိုးအောင်အား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် e – Government ၊ Cyber Security နှင့် သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Data Center များ တည်ဆောက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့်ကော်မတီ အဖွဲ့ဝင်များတက် ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်
Standard (Image)
