ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် Westminster Foundation Democracy (WFD) မှ အကြံပေး ပုဂ္ဂိုလ် Sir Hugh Bayley အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင် အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကော်မတီမှ တာဝန်ယူဆောင်ရွက်နေရသော ဥပဒေရေးရာကိစ္စရပ်များ၊ အပြန်အလှန် ထိန်းညှိခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ WFD အနေဖြင့် ကော်မတီအား ဆက်လက်အကြံပေး ဆွေးနွေး လေ့ကျင့်မှုများ ပြုလုပ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ တင်ဋ္ဌေးအောင်နှင့် ဒေါက်တာ သန်းအောင်စိုးတို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်
Standard (Image)
