ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် သန္ဓီအုပ်ချုပ်စီမံမှုအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ဝင်းအား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံအဆောက်အဦ လိုအပ်ချက်များကိုဖြေရှင်းရန် အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ - ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (Public – Private Partnership in Infrastructure Development Workshop, PPP) နည်းလမ်းများ နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်
