ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် WFD မှ Sir Hugh Bayley ဦးဆောင်သောအဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I–13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဆေးဝါးဝယ်ယူ တင်သွင်းဖြန့်ဖြူးရေးနှင့် ပဋိဇီဝဆေးသုံးစွဲမှုဆိုင်ရာ ဆွေးနွေးပွဲရလဒ်များ နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်
Standard (Image)
