ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director Mr. Newin Sinsiri ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်း အဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နေသော Rural Roads and Access Project နှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအခြေအနေများအား ဆွေးနွေး တင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
