ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် NESP Mid– Term Review (MTR) Working Group အား ယနေ့မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I - 13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ ကာလဝက်အတွင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးပြီး ပညာရေးဆိုင်ရာ ဥပဒေများနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်
Standard (Image)
