ပြည်သူ့လွှတ်တော်၊ တိုင်ကြားစာနှင့် အသနားခံစာများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ တိုင်ကြားစာနှင့်အသနားခံစာများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင် နှင့်အဖွဲ့ဝင်များသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့အား ယနေ့ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-11) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ကော်မတီ၏ဖွဲ့စည်းမှုများ၊ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များနှင့် တိုင်ကြားစာများ၊ အသနားခံစာများကို ကော်မတီအနေဖြင့် တာဝန်ယူဖြေရှင်း ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး Mrs. Christine Schraner Burgener က သိရှိလိုသည်များကို မေးမြန်း၍ တိုင်ကြားစာများနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးကာ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစောသလေးစောနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်

 

Standard (Image)