ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များနှင့် Telecom International Myanmar Co.,Ltd (Mytel) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များသည် Telecom International Myanmar Co.,Ltd (Mytel) မှ တာဝန်ရှိသူများအား  ယနေ့ညနေ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် Mytel ကုမ္ပဏီအနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက် လျှက်ရှိသည့် လုပ်ငန်း အခြေအနေများ၊ မြန်မာနိုင်ငံ၏ e-Government စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်မည့် နည်းပညာအထောက်အပံ့များအား အကူအညီပေးမည် ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေး အော်ပရေတာနှင့် ပတ်သက်၍ လုပ်ငန်းအခက်အခဲများ တင်ပြဆွေးနွေးခဲ့ရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအဖွဲ့ဝင်များနှင့် ကော်မတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်

 

Standard (Image)