ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ Policy Alternative Research Institute (PARI) မှ အစီအစဉ်အထောက်အကူပြု ပါမောက္ခ Mr. Kensuke Yamaguchi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ Policy Alternative Research Institute (PARI) မှ အစီအစဉ်အထောက်အကူပြု ပါမောက္ခ Mr. Kensuke Yamaguchi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးမှု ကွာဟမှုမရှိစေရေးအတွက် အကူအညီပေးလျက်ရှိသည့်ကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများ၏ Capacity Building တည်ဆောက်သွားနိုင်ရေးနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ လျှပ်စစ် နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်၊ အဖွဲ့ဝင် ဦးသာအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်

Standard (Image)