ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် အာဆီယံပါလီမန် ခေါင်းဆောင်များ၏ အကြိုညှိနှိုင်း အစည်းအဝေးနှင့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကာလအတွင်း ပြုလုပ်ကျင်းပမည့် AIPA-ASEAN Interface သို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့တွင် ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်
Standard (Image)
