ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Supreme Trading Company Limited အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Supreme Trading Company Limited အဖွဲ့အား ယနေ့ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် ၁၃၅ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် LNG သဘာဝဓါတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းတို့၏ ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်

Standard (Image)