ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဆင်နင်းရိုးကျေးရွာမှ ဦးတင်မြင့် ဦးဆောင်သော တောင်သူလယ်သမားများအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တောင်သူလယ်သမားများမှ လယ်ယာမြေကိစ္စများနှင့်စပ်လျဉ်း၍ ရင်ဆိုင် ကြုံတွေ့နေရသောကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပြီး ကော်မတီအဖွဲ့ဝင် များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တောင်သူလယ်သမားများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်
Standard (Image)
