ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာဒေါ်မေဝင်းမြင့်သည် National Enlightenment Institute (NEI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကော်မတီမှ တာဝန်ယူဆောင်ရွက်ရသည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြ မေးခွန်းများ၊ အဆိုများ၊ အစိုးရအဖွဲ့အစည်များနှင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး National Enlightenment Institute (NEI) အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဇုံးတိန့် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်
