ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း Global World Insurance Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း သည် Global World Insurance Co., Ltd အဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံရာတွင် ရာသီဥတုဒဏ်၊ ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် တောင်သူ လယ် သမားများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် သီးနှံအာမခံပေးမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ယခင် နှစ်က စမ်းသပ်လုပ်ဆောင်ခဲ့သော အာမခံလုပ်ငန်းဆောင်ရွက်ချက် အတွေ့ အကြုံများ၊ အမျိုးသား သီးနှံအာမခံ ကော်မတီဖွဲ့စည်းနိုင်ရေးနှင့် သီးနှံအာမခံဥပဒေ ရေးဆွဲပြဋ္ဌာန်း ပေးနိုင်ရေး စသည့်ကိစ္စရပ် များအား တင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည် များကို မေးမြန်းကြရာ ကုမ္ပဏီ၏ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ် မေလ ၂၈ ရက်

 

         

 

Standard (Image)