ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်ခြင်း သုတေသနစာတမ်းအမှတ် ( ၈ )
(ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေပြုမှုများလေ့လာချက်)
(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ( ၂၁.၁.၂၀၁၉ မှ ၁၄.၃.၂၀၁၉ ) ထိ
ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း
သုတေသနစာတမ်းတို
နိဒါန်း
၁။ လွှတ်တော်သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာ့လွှတ်တော်များ၏ ဥပဒေပြုရေးမဏ္ဍိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍသည် လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ ဤသုတေသန စာတမ်းတိုတွင် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မေးခွန်း မေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုအခြေအနေများကို သုတေသနပြု၍ လေ့လာပြုစု တင်ပြထားပါသည်။
ရည်ရွယ်ချက်
၂။ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်များအား နားလည်စေရန်နှင့် မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုတို့ကို ကိုယ်စားလှယ်များ ထိရောက်စွာ ဆောင်ရွက်နေသည့် အခြေအနေအား တိုင်းတာနိုင်ရန်ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်နှင့်စပ်လျဉ်း သည့် သတင်းအချက်အလက်များကို လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ဤကိန်းဂဏန်းများ နှင့် ရည်ညွှန်းကိန်းများကို ကိုးကားနိုင်ရန် သုတေသနစာတမ်းတိုအဖြစ် ပြုစုတင်ပြထားခြင်းဖြစ်ပါ သည်။
မေးမြန်းတင်သွင်း ခဲ့သော ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများကိုလေ့လာခြင်း
၃။ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ မတ်လ (၁၄) ရက်နေ့အထိ (၂၅) ရက် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကာလတွင် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၁၇၂ ခု မေးမြန်းခဲ့သည့်အတွက် ပျမ်းမျှအားဖြင့်တစ်ရက်လျှင် မေးခွန်း (၇) ခု မေးမြန်းခဲ့ပါသည်။
ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာခြင်း
၄။ ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ် လေ့လာမှုများတွင် မေးခွန်းရှင် လွှတ်တော် ကိုယ်စားလှယ်များ၏ ကျား/မအလိုက် ခွဲခြားလေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီအလိုက် လေ့လာခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဒေသအလိုက် လေ့လာခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများအလိုက် ဖြေကြားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း အရေအတွက် လေ့လာခြင်းများကို သုတေသနပြုလုပ်၍ လေ့လာထားပါသည်။
ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ”
၅။ ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်း-
ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသား ကိုယ်စားလှယ်ဦးရေ၊ အမည်စာရင်းနှင့်မေးခွန်းအရေအတွက်
၆။ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသား ကိုယ်စားလှယ် (၁၀၆) ဦးက မေးခွန်း (၁၄၉) ခုမေးမြန်းခဲ့သည်ကို အောက်ဖော်ပြပါ ဇယားတွင် တင်ပြ ထားပါသည်-
ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေ၊ အမည်စာရင်းနှင့် မေးခွန်းအရေအတွက်
၇။ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီးကိုယ်စားလှယ် (၁၇) ဦးက မေးခွန်း (၂၃) ခု မေးမြန်းခဲ့သည်ကို အောက်ဖော်ပြပါဇယားတွင် တင်ပြထားပါသည်-
ကြယ်ပွင့်ပြနှုတ်ဖြေ “မေးခွန်းအရေအတွက်ကို ကျား/မ”အလိုက်ခွဲခြား လေ့လာခြင်း
၈။ ကြယ်ပွင့်ပြနှုတ်ဖြေ “မေးခွန်းအရေအတွက်ကို ကျား/မ” အလိုက် ခွဲခြားလေ့လာ၍ အောက်ဖော်ပြပါဇယားဖြင့် တင်ပြထားပါသည်-
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး မှ ( ၁၁ )ကြိမ်မြောက်ပုံမှန်အစည်း အဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ
၉။ ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ -
ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” အလိုက်လေ့လာခြင်း
၁၀။ “ကိုယ်စားပြုနိုင်ငံရေး ပါတီ” များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁၁။ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သော “ကိုယ်စားပြု နိုင်ငံရေးပါတီ” များအလိုက်မေးခွန်းများကို အများဆုံးမေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မေးခွန်းစုစုပေါင်း၏ (၇၆.၄၂%) ကို မေးမြန်းခဲ့ပါသည်။ ဒုတိယအများဆုံး မေးမြန်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မေးခွန်းစုစုပေါင်း၏ (၈.၉၄%) ကိုမေးမြန်းခဲ့ပြီး တတိယအများဆုံး မေးမြန်းခဲ့သည့် ရခိုင်အမျိုးသားပါတီ မှ မေးခွန်းစုစုပေါင်း၏ (၄.၈၈%) ကို မေးမြန်းခဲ့ပါသည်။
ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ် ဒေသအလိုက်” မေးခွန်း မေးမြန်းမှုကိုလေ့လာခြင်း
၁၂။ “တိုင်းဒေသကြီး/ပြည်နယ်ဒေသအလိုက်” မေးခွန်းမေးမြန်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်--
“တိုင်းဒေသကြီး/ပြည်နယ်ဒေသအလိုက်” မေးခွန်းမေးမြန်းမှုအခြေအနေကို ရာခိုင်နှုန်းဖြင့် ဖော်ပြထားပုံ-
ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသား ကိုယ်စားလှယ်အလိုက်”မေးခွန်းမေးမြန်းမှု ကိုလေ့လာခြင်း
၁၃။ “တိုင်းရင်းသား ကိုယ်စားလှယ်အလိုက်” မေးခွန်းမေးမြန်းမှု များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
“ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအလိုက်” ကြယ်ပွင့်ပြ မေးခွန်းများအား ဖြေဆိုမှုအရေအတွက် လေ့လာခြင်း
၁၄။ “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအလိုက်ဖြေဆိုမှု” များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁၅။ (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့သော မေးခွန်းများကို လွှတ်တော်သို့ လာရောက် ဖြေကြားပေးခဲ့သည့် ဝန်ကြီးဌာနများအနက် အများဆုံးဖြေကြားပေးသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန မေးခွန်းစုစုပေါင်း၏ (၁၆.၂၈%) အား လာရောက်ဖြေကြားခဲ့ပါ သည်။ ဒုတိယအများဆုံးဖြေကြားပေးသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မေးခွန်းစုစုပေါင်း၏ (၁၀.၄၇%)တို့ ဖြေကြားခဲ့ပြီး တတိယအများဆုံး ဖြေကြားပေးသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မေးခွန်း စုစုပေါင်း၏( ၉.၈၈%) ကို ဖြေကြားခဲ့ပါသည်။
အဆိုများကို လေ့လာခြင်း
၁၆။ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်မှ မတ်လ(၁၄) ရက် နေ့အထိ ရက်ပေါင်း (၂၅) ရက် ကျင်းပခဲ့ပြီး အတည်ပြုအဆို (ရိုးရိုး-၉ ခု)၊ မှတ်တမ်းတင်အဆို (ရိုးရိုး-၄ခု)၊ ဆက်လက်ဆွေးနွေးရန်သင့်/မသင့် (ရိုးရိုး-၂ခု)၊ စုစုပေါင်းအဆို (၁၅)ခု ဆောင်ရွက် နိုင်ခဲ့ကြပါသည်။
အဆိုများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ
၁၇။ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
တင်သွင်းခဲ့သည့် အဆိုအရေအတွက်နှင့် ရက် အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်
၁၈။ တင်သွင်းခဲ့သည့် အဆိုအရေအတွက်နှင့်ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ် ချက်များမှာ-
“အတည်ပြုအဆို” ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များ
၁၉။ “အတည်ပြုအဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ဆွေးနွေးခဲ့သော အတည်ပြုအဆို
၂၀။ အတည်ပြုအဆိုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
မှတ်တမ်းတင်အဆို ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များ
၂၁။ မှတ်တမ်းတင်အဆို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -
ဆွေးနွေးခဲ့သော မှတ်တမ်းတင်အဆို
၂၂။ မှတ်တမ်းတင်အဆိုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဆက်လက်ဆွေးနွေးရန် သင့်/မသင့် အဆို ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များ
၂၃။ ဆက်လက်ဆွေးနွေးရန် သင့်/မသင့် အဆို ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ဆက်လက်ဆွေးနွေးရန် သင့်/မသင့် အဆို
၂၄။ ဆက်လက်ဆွေးနွေးရန် သင့်/မသင့် အဆိုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားအလိုက်” အဆိုတင်သွင်းမှုကို လေ့လာခြင်း
၂၅။ လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားအလိုက်” အဆိုတင်သွင်းမှု အခြေအနေ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” ကိုလေ့လာခြင်း
၂၆။ လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ ပြည်နယ်” ဒေသအလိုက် ကို လေ့လာခြင်း
၂၇။ လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ ပြည်နယ်” ဒေသအလိုက်အဆိုတင်သွင်း ဆွေးနွေးမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
တင်သွင်းသောအဆိုများအပေါ် အဆုံးအဖြတ်ပြုခြင်း
၂၈။ တင်သွင်းသောအဆိုများအပေါ် အဆုံးအဖြတ်ပြုခဲ့မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဒုတိယအကြိမ် ၊ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၂၉။ ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ အဆိုများ ဆောင်ရွက် ပြီးစီးမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဆွေးနွေးခဲ့သော ဥပဒေကြမ်းများ
၃၀။ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့သည့် ဥပဒေကြမ်း (၅)ခု ဆွေးနွေးခဲ့ပါသည်။ ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက် ပြီး အတည်ပြုသည့် ဥပဒေကြမ်း (၅) ခု ရှိခဲ့ပါသည်။ အမျိုးသားလွှတ်တော် မှ ပေးပို့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြု၍ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း (၆) ခု ရှိခဲ့ပါသည်။ ဆွေးနွေးရန်ကျန်ရှိနေသော ဥပဒေကြမ်း (၁၂) ခု ကို (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက်ပြီး အတည်ပြုသည့် ဥပဒေကြမ်း
၃၁။ ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက်ပြီး အတည်ပြုသည့် ဥပဒေကြမ်း(၅) ခု (ဆောင်ရွက်နိုင်မှု)
အမျိုးသားလွှတ်တော်ကပေးပို့ပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း
၃၂။ အမျိုးသားလွှတ်တော်ကပေးပို့ပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီး အမျိုးသား လွှတ်တော်သို့ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း (၆) ခု(ဆောင်ရွက်နိုင်မှု) -
(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးမည့် ဥပဒေကြမ်းများ
၃၃။ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးမည့် ဥပဒေကြမ်းများ-
ဒုတိယအကြိမ်၊ ပထမပုံမှန်အစည်းအဝေးမှ (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ပြည်သူ့ လွှတ်တော် တွင်ဆွေးနွေးခဲ့သည့် ဥပဒေကြမ်းများ/ နည်းဥပဒေများ အခြေအနေ
၃၄။ ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးနိုင်သည့် ဥပဒေကြမ်းများ/ နည်းဥပဒေများ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
သုံးသပ်ချက်
၃၅။ ပြည်သူ့လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေပြုမှုအရေအတွက်များ ပြားလာ ခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ပတ်သက်၍ပိုမိုဆွေးနွေး နှီးနှောတိုင်ပင်ရန် အခွင့် အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်နိုင်ငံရေး ပါတီနောက်ခံဖြင့် ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ လွှတ်တော်အတွင်း နေရာရရှိမှု အနည်းအများသည် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ပြဋ္ဌာန်းသည်မဟုတ်ဘဲ လွှတ်တော်အတွင်းတက်ကြွစွာ အားထုတ်ဆောင်ရွက်မှုကသာ မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆောင်ရွက် သည့် သာဓကအချို့ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရေအတွက်နှင့် အင်အားစုကြီးမားခြင်း၊ နည်းပါးခြင်းကို ပဓာနမထားပဲ ဒီမိုကရေစီအလေ့အထနှင့် နိုင်ငံရေး လေ့ကျင့်ပျိုးထောင်မှုကောင်းဖြစ်ပေါ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါသည်။
နိဂုံး
၃၆။ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ၊ အဆိုဆွေးနွေးမှုများနှင့် ဥပဒေကြမ်း ဆွေးနွေးဆောင်ရွက်မှု အခြေအနေများစသည်တို့ကို ဆွေးနွေးဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးတစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆွေးနွေးဆောင်ရွက်လာ သည်ကို လေ့လာတွေ့ရှိရပါသည်။ တစ်ရက်တာအတွင်း မေးခွန်းများ၊ အဆိုများမေးမြန်းခြင်း၊ တင်သွင်းခြင်း၊ ဆွေးနွေးမှုများနှင့် ဥပဒေကြမ်းဆွေးနွေးအတည်ပြုမှု အရေအတွက်များ အားကောင်းစွာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေပြီး အချက်အလက်ကိန်းဂဏန်းများကို တတ်နိုင်သမျှ ပြည့်စုံအောင် လေ့လာ၍ သုတေသနစာတမ်းအား ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။
