လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Westminster Foundation for Democracy (WFD) မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဒေါ်စောသီရိရူပအား လက်ခံတွေ့ဆုံ

လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Westminster Foundation for Democracy (WFD) မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဒေါ်စောသီရိရူပအား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Westminster Foundation for Democracy (WFD) နှင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) တို့အကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက် သွားနိုင်ရေးနှင့် MOU ဆက်လက်ရေးထိုးသွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ WFD မှ လွှတ်တော်ဖွံ့ဖြိုးရေး အတွက် အကူအညီပေးခဲ့သည့် (၃) နှစ်တာ အကောင်အထည်ဖော်မှုရလဒ်များ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ နည်းပညာနှင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ပိုမိုထိရောက်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်များဖြစ်ကြ သည့် ဦးတင်အောင်ချို၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ခုနှစ်၊ ဧပြီလ  ၂၆  ရက်

 

 

Standard (Image)