ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် WFD မှ အကြံပေးပုဂ္ဂိုလ် Sir. Hugh Bayley အား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကော်မတီမှတာဝန်ယူဆောင်ရွက်နေရသည့် ကဏ္ဍအသီးသီးမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားစာများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်
Standard (Image)
