ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း Westminster Foundation for Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir. Hugh Bayley အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် Westminster Foundation for Democracy (WFD) မှ အကြံပေး ပုဂ္ဂိုလ် Sir. Hugh Bayley အား ယနေ့ မွန်းလွဲနာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင် အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပဋိဇီဝဆေးဝါးများ သိုလှောင်မှု၊ ဖြန့်ဖြူးမှုများတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက် အခဲများ နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ပဋိဇီဝဆေးဝါးများ အရည်အသွေးပိုမိုကောင်းမွန်စေရေး၊ ဆေးဝါးများသုံးစွဲရာတွင် ဆေးဝါးအတုများ သုံးစွဲမှုမရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သော ဆေးဝါးများသာ အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  ဝေးလံခေါင်ဖျားသော ဒေသများတွင် ဆေးဝါးများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်

 

 

Standard (Image)