ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Faulkner ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် သြစတြေးလျ နှစ်နိုင်ငံရှည်လျားပြီး ကောင်းမွန်သည့်ဆက်ဆံရေး၊ နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များချစ်ကြည်ရေးခရီးစဉ် များ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ UNDP မှတစ်ဆင့် သြစတြေးလျနိုင်ငံက ပြည်ထောင်စုလွှတ်တော်ကို ပေးအပ်သည့် အကူအညီများ၏ ထိရောက်မှု၊ AVIS မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ အကူအညီပေးရေးအစီအစဉ်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်

 

Standard (Image)