ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Elite City Investment ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Elite City Investment ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့ ညနေ  ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် Elite City Investment  ကုမ္ပဏီလီမိတက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သည့် Power China Company နှင့် ပူပေါင်း၍ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ အဆင့်မီ မန္တလေး - ပုဂံ အမြန်ရထားလမ်းသစ် (Express Standard Gauge Railway) လမ်းအား BOT (သို့မဟုတ်) PPP စနစ်ဖြင့် အဆင့်မြှင့်တင်ဖောက်လုပ်ခွင့်ရရန်နှင့် မန္တလေး - နေပြည်တော် - ပဲခူး - ရန်ကုန် အဝေးပြေးလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား ရှင်းလင်းတင်ပြမှုအပေါ် ကော်မတီမှ တာဝန်ရှိသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်

 

Standard (Image)