ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် UNICEF မှ Ms. Alison Rhodes အားလက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် UNICEF မှ Ms. Alison Rhodes အား ယနေ့ ညနေ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် UNICEF အနေဖြင့် ဆောင်ရွက်နေသော မြန်မာနိုင်ငံရှိ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်မှု လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ကလေးသူငယ်အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းများတွင်  ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် အကူအညီပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်

 

Standard (Image)