ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ တို့သည် (AFD) အဖွဲ့မှ Country Director Mrs. Marie Cecile THIRION အားလက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်တို့ The French Development Agency (AFD) အဖွဲ့မှ Country Director Mrs. Marie Cecile THIRION အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း၊နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းခိုင် တို့သည် The French Development Agency (AFD) အဖွဲ့မှ Country Director Mrs. Marie Cecile THIRION အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် AFD ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ငွေကြေးအထောက်အပံ့ပြုရေး စနစ်တို့အား ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော ရေအားလျှပ်စစ် စက်ရုံ (၅) ရုံအား ချေးငွေနှင့် Grant အထောက်အပံ့ဖြင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ စီမံကိန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်ဓါတ်အား ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ် စက်ရုံများ၏ အဆင့်မြှင့်တင်မှု အခြေအနေများ၊ ဆည်၊တမံများ ပြုပြင်မှုအခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးတင့်စိုး တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ၊ မတ်လ ၁၁ ရက်

Standard (Image)