ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေ သည် မြန်မာမက်မွန် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့ ညနေ ၃ နာရီခွဲ အချိန်တွင်နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် e – Government စနစ် ပိုမိုတိုးတက်ကောင်းမွန် လာစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ခေတ်မီနည်းပညာဖြင့် eID Card အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ အတွင်းရေးမှူးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်
Standard (Image)
