ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ “မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမတို့၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု” ဆွေးနွေးပွဲ ကျင်းပ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ NGO/INGO/CSO အဖွဲ့အစည်းများ၏ စုံစမ်းလေ့လာမှု ဆွေးနွေးပွဲအား ယနေ့မွန်းလွဲ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုစုံစမ်းလေ့လာမှု ဆောင်ရွက်ရသည့် ရည်ရွယ်ချက်က စွမ်းဆောင်ရည် မြင့်မားသည့် ဆရာ၊ဆရာမများ မွေးထုတ်ပေးနိုင်မှသာလျှင် တိုင်းပြည်အနာဂတ်အတွက် အရည်အသွေးပြည့်ဝသည့် ကျောင်းသူ၊ ကျောင်းသားများ မွေးထုတ်ပေးနိုင်မည်ဖြစ်သောကြောင့် ဆရာ၊ ဆရာမများအတွက် ကျွမ်းကျင်မှုများ ရှိအောင် လေ့ကျင့်သင်ကြားမှုနှင့် ပံ့ပိုးနေမှုများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်ရန် စောင့်ကြည့် ထိန်းညှိပေးဖို့ဖြစ်ပါသည် ဟု ပြောကြားခဲ့သည်။  

ဆက်လက်၍ စုံစမ်းလေ့လာမှု ခေါင်းစဉ်ဖြစ်သည့် “မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမတို့၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု” နှင့်စပ်လျဉ်း၍ ကော်မတီ အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးမြှင့်တင်မှုဆိုင်ရာ အချက်အလက်များကို မေးမြန်းကြရာ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက် ပညာရေးကဏ္ဍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လှုပ်ရှားနေမှုများ၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများ၊ ပညာရေးစနစ်သစ် ပိုမိုတိုးတက်ကောင်းမွန် လာရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ NGO/INGO/CSO အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ကော်မတီအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ထိုဆွေးနွေးပွဲကို ..၂၀၁၉ ရက်နေ့ မွန်းလွဲ နာရီခွဲ အချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ရက်

Standard (Image)